Thursday, November 15, 2012

မအေးအေးငြိမ်း(USA)၏ အရုဏ်ဆွမ်းမွေးနေ့အလှူနှင့် လစဉ်အလှူရှင်များ၏ နေ့ဆွမ်းအလှူ ၁၅.၁၁.၂၀၁၂


သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တန်ဆောင်မုန်းလဆန်း  (၂) ရက်၊ ၁၅.၁၁.၂၀၁၂ ကြာသပတေးနေ့

အရုဏ် မုန့်ဟင်းခါးဆွမ်း ကပ်လှူခြင်း ကုသိုလ်ရှင်
မအေးအေးငြိမ်း(USA) ၏ မွေးနေ့အလှူ ကောင်းမှု ဖြစ်ပြီး

နေ့ဆွမ်းလောင်းလှူခြင်း  ကုသိုလ်ရှင်များကတော့

လစဉ် အလှူရှင်များ  အလှူ ကောင်းမှု ဖြစ်ပါတယ်။

သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း
ဝက်သားဟင်း
ကုလားပဲနှပ်
ပဲတီချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ အရုဏ်ဆွမ်းအလှုရှင်နှင့် နေ့ဆွမ်းအလှူရှင်အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ  ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး  စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်  သာသနာအကျိုး၊   လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက်  နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။

Inline image 1

Inline image 16

Inline image 3

Inline image 4

Inline image 5

Inline image 6

Inline image 7

Inline image 8

Inline image 9

Inline image 10

Inline image 11

Inline image 12

Inline image 13

Inline image 14

Inline image 15

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒွါပွားများကုသိုလ်ယူနိုင်ကြပါစေ။

0 comments:

Post a Comment