Monday, November 19, 2012

ကိုခင်မောင်ကျော်+Dr.နေကြည်မြင့်(စင်္ကာပူ)မှ Dr.နေကြည်မြင့်၏ မွေးနေ့အလှူကောင်းမှု ၁၉.၁၁.၂၀၁၂


သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တန်ဆောင်မုန်းလဆန်း  (၆) ရက်၊ ၁၉.၁၁.၂၀၁၂ တနင်္လာနေ့

အရုဏ် ကြက်သားကြာဇံဟင်းခါးဆွမ်းနှင့်  နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်

ကိုခင်မောင်ကျော် + Dr.နေကြည်မြင့် (စင်္ကာပူ) မှ Dr.နေကြည်မြင့်၏ မွေးနေ့အလှူကောင်းမှု။

သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း
ဝက်သားဟင်း
ပဲနီပြားနှပ်
ကုလားထည်အချဉ်သုပ်
ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် ကိုခင်မောင်ကျော်+Dr.နေကြည်မြင့်(စင်္ကာပူ) တို့သည် ဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ  ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့မွေးနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး  စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်  သာသနာအကျိုး၊   လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက်  နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။

Inline image 1

Inline image 2

Inline image 3

Inline image 12

Inline image 5

Inline image 6

Inline image 7

Inline image 8

Inline image 9

Inline image 10

Inline image 11

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများကုသိုလ်ယူနိုင်ကြပါစေ။

0 comments:

Post a Comment