သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လပြည့်ကျော် (၈) ရက်၊ ၇.၁၁.၂၀၁၂ ဗုဒ္ဓဟူးနေ့
အရုဏ် ကြက်သား ကြာဇံဟင်းခါးဆွမ်း ကပ်လှူခြင်း နှင့် နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
နှစ်ဘက်မိဘများအား အမှူးထား၍ ကိုစိန်မောင်း + မခင်မာငွေ (စင်္ကာပူ) အလှူကောင်းမှု ဖြစ်ပါတယ်။
သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ဝက်သားဟင်း
မြေထောက်ပဲနှပ်
ကုလားထည်အချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့်လောင်းလှူပေးခဲ့ပါတယ်။
ံယနေ့အလှုရှင် နှစ်ဘက်သောမိဘများအား အမှူးထား၍ ကိုစိန်မောင်+မခင်မာငွေ မိသားစု အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများကုသိုလ်ယူနိုင်ကြပါစေ။

0 comments:
Post a Comment