သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လပြည့်ကျော် (၉) ရက်၊ ၈.၁၁.၂၀၁၂ ကြာသပတေးနေ့
အရုဏ် ယာဂုဆွမ်း ကပ်လှူခြင်း ကုသိုလ်ရှင်
ရာသက်ပန် ဆွမ်းငွေပဒေသာပင်မှ အလှူရှင်များ ကောင်းမှု ဖြစ်ပြီး
နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်ကတော့
အလှူရှင်တစ်ဦး (နယူးယောက်မြို့) မှ ဖြစ်ပါတယ်။
သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ကုလားပဲနှပ်
ပဲတီချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့်လောင်းလှူပေးခဲ့ပါတယ်။
ယနေ့အလှုရှင်များ အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
0 comments:
Post a Comment