Sunday, November 11, 2012

ကိုမင်းသူ(စင်္ကာပူ)၏မွေးနေ့အလှူနှင့် ဦးထွန်းရင်+ဒေါ်လှလှဌေး မိသားစု မန္တလေးမြို့တို့၏ အလှူကောင်းမှု ၁၁.၁၁.၁၂




သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လပြည့်ကျော် (၁၂) ရက်၊ ၁၁.၁၁.၂၀၁၂ တနင်္ဂနွေနေ့

အရုဏ် ကြက်သားကြာဇံဟင်းခါးဆွမ်းနှင့် နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်

ကိုမင်းသူ(စင်္ကာပူ)၏ မွေးနေ့အလှူ ကောင်းမှု ဖြစ်ပြီး

ဦးထွန်းရှန် + ဒေါ်လှလှဌေး မိသားစု မန္တလေးမျြို့ မှလည်း ကြက်သားကြာဇံဟင်းခါးဆွမ်းအတွက် ငုံးဥများနှင့် အတူ သံဃာတော်များအတွက် အသားဆွမ်းဟင်း တစ်မျိုး၊ ဆပ်ပြာမှုန့်၊  လက်ကိုင်ပဝါ၊ ကိတ်မုန့်၊ ကော်ဖီမစ်၊ ဝတ္ထုငွေ စသည်တို့ဖြင့် ကိုယ်တိုင် ဆက်ကပ်လောင်းလှူ ကုသိုလ်ပြု ခဲ့ကြပါတယ်။ 

သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း
ဝက်သားဟင်း
ကြက်သားဟင်း
ကုလားပဲနှပ်
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ အလှူရှင်များ ဖြစ်ကြသော ကိုမင်းသူ(စင်္ကာပူ) နှင့် ဦးထွန်းရှန်+ဒေါ်လှလှဌေး မိသားစု (မန္တလေး)တို့ အားလုံးသည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ၊ လှူဖွယ်ဝတ္ထုမျိုးစုံတို့ကို ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး  စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊  လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက်  နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။

Inline image 1

Inline image 2

Inline image 3

Inline image 4

Inline image 14

Inline image 5

Inline image 6

Inline image 7

Inline image 8

Inline image 9

Inline image 10

Inline image 11

Inline image 12

Inline image 13

အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

0 comments:

Post a Comment