သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လပြည့်ကျော် (၁၁) ရက်၊ ၁၀.၁၁.၂၀၁၂ စနေနေ့
အရုဏ် မုန့်ဟင်းခါးဆွမ်း ကပ်လှူခြင်း ကုသိုလ်ရှင်
ကိုမျိုးမင်းဝင်း + မအေးမြတ်သီတာအောင် (စင်္ကာပူ) တို့၏ မင်္ဂလာဦးအလှူ ကောင်းမှု ဖြစ်ပြီး
နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
ကိုမင်းမင်းလတ် + မခင်စုဝင်း၊ သား-ကျော်ထူးသွင်၊ သမီး-ရွှန်းလဲ့ရည်ကြွယ်
(ရွှေရည်စတိုး-ကလန်း၊ မလေးရှား) မှ သမီးလေး-ရွှန်းလဲ့ရည်ကြွယ်၏ (၁၃နှစ်) ပြည့် မွေးနေ့အလှူ ကောင်းမှု ဖြစ်ပါတယ်။
သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ငါးကြော်
ခရမ်းသီးမွှေချက်
ပဲတီချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

ယနေ့ အလှူရှင်များ အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
0 comments:
Post a Comment