သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လပြည့်ကျော် (၃) ရက်၊ ၂.၁၁.၂၀၁၂ သောကြာနေ့
အရုဏ် ဆွမ်းထင်းမင်းသုပ် ကပ်လှူခြင်း နှင့် နေ့ဆွမ်း လောင်းလှူခြင်း ကုသိုလ်ရှင်
ဒေါ်အေးအေးဝင်းအားရည်စူး၍ ကျန်ရစ်သူ မိသားစု၏ အလှူ ကောင်းမှု ဖြစ်ပါတယ်။
သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ငါးကြော်
ကုလားပဲနှပ်
ခရမ်းချဉ်သီးငပိချက်
ပဲတီချဉ်သုပ် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အလှူရှင် ဒေါ်အေးအေးဝင်းအား ရည်စူး၍ ပြုလုပ်သော ကုသိုလ်ကောင်းမှုတို့ကြောင့် ကျန်ရစ်သူ မိသားစုအားလုံးတို့သည် သံဃာတော်များအား အရုဏ် ဆွမ်းနှင့် နေ့ဆွမ်းများ၊ ဆပ်ကပ်လှူဒါန်းရသော ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ယနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာကိုယ် ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညိုသဒွါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
0 comments:
Post a Comment