သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တန်ဆောင်မုန်းလဆန်း (၄) ရက်၊ ၁၇.၁၁.၂၀၁၂ စနေနေ့
အရုဏ် ကြက်သားကြာဇံဟင်းခါးဆွမ်း ကပ်လှူခြင်းနှင့် နေ့ဆွမ်းလောင်းလှူခြင်းကုသိုလ်ရှင်
ဦးဝင်းလှိုင် + ဒေါ်ခင်နန်းမြင့်၊ သမီး-သစ်သစ်လှိုင် မိသားစု(စင်္ကာပူ) မှ
မသစ်သစ်လှိုင်၏ မွေးနေ့အလှူ ကောင်းမှု ဖြစ်ပါတယ်။
သံဃာတော်များနေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ဝက်သားဟင်း
ပဲနှပ်ချက်
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့်ဟင်းလျားများဖြင့်လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် မိသားစု အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
0 comments:
Post a Comment