သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တန်ဆောင်မုန်းလဆန်း (၇) ရက်၊ ၂၀.၁၁.၂၀၁၂ အင်္ဂါနေ့
အရုဏ် ယာဂုဆွမ်းကပ်လှူခြင်း ကုသိုလ်ရှင်
"လမင်းအိမ်စာပေ" နှင့် ဓမ္မမိတ်ဆွေများ (မူဆယ်မြို့ ) ကောင်းမှု အလှူဖြစ်ပါတယ်။
နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
ကွယ်လွန်သူ ဖခင်ကြီး (ဦးဖိုးဆယ်) အားရည်းစူး၍ မိခင်ကြီး ဒေါ်ဧရှင်၊ သမီး မထွေးထွေး (ခေတ္တ ဂျပန်) သမီး မခင်မြင့်ရီ (ခေတ္တ စင်္ကာပူ) မိသားစု မှ
မခင်မြင့်ရီ ၏ မွေးနေ့ အလှူကောင်းမှု ဖြစ်ပါတယ်။
သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ငါးကြော်
မြေထောက်ပဲနှပ်
မုံလာချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့မွေးနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
ဆွမ်းခံပြီး ပြန်ကြွသွားသော သံဃာများကို ကားဖြင့် ပြန်လည်ပို့ဆောင်စဉ်
အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
0 comments:
Post a Comment