သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လပြည့်ကျော် (၁) ရက်၊ ၃၁.၁၀.၂၀၁၂ ဗုဒ္ဓဟူးနေ့
အရုဏ် ကြက်သား ကြာဇံကြော် ဆွမ်း ကပ်လှူခြင်း ကုသိုလ်ရှင်
နှစ်ဖက်မိဘများအား အမှုးထား၍ ဦးမျိုးမင်းထွန်း+Dr.မေပုလဲသွယ်၊ သမီး- မိုးမြင့်သာ မိသားစု (စင်္ကာပူ) ကောင်းမှု ဖြစ်ပြီး
နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
"လမင်းအိမ်"စာပေနှင့် ဓမ္မမိတ်ဆွေများ (မူဆယ်မြို့) မှ ကောင်းမှု ဖြစ်ပါတယ်။
သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ဝက်သားဟင်း
ထောပတ်ပဲနှပ်
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

ယနေ့ အရုဏ်ဆွမ်းအလှူရှင်နှင့် နေ့ဆွမ်းအလှူရှင် အားလုံးတို့သည် သံဃာတော်များအား အရုဏ် ဆွမ်းနှင့် နေ့ဆွမ်းများ၊ ဆပ်ကပ်လှူဒါန်းရသော ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ယနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာကိုယ် ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
0 comments:
Post a Comment