သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လဆန်း (၂) ရက်၊ ၁၇.၁၀.၂၀၁၂ ဗုဒ္ဓဟူးနေ့
ကွယ်လွန်သူဖခင်ကြီး ဦးသန်းဝင်းအားရည်စူး၍ ကျန်ရစ်သူမိသားစု ကောင်းမှု(စင်္ကာပူ)
နံနက်အရုဏ်တက်ချိန်တွင် သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်မုန့်ဟင်းခါးဆွမ်း ကပ်လှူပေးခဲ့ပြီး
သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ဝက်သားဟင်း
ကုလားပဲနှပ်
သရက်ချဉ်သုတ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အရုဏ်ဆွမ်း နှင့်နေ့ဆွမ်းကုသိုလ်ရှင် ကွယ်လွန်သူဖခင်ကြီး ဦးသန်းဝင်းအားရည်စူး၍ ကျန်ရစ်သူမိသားစု ကောင်းမှု(စင်္ကာပူ)တို့သည် သံဃာတော်များအား
အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ လောင်းလှူရသော ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်
သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
0 comments:
Post a Comment