မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းအဖြစ်သံဃာတော်အရှင်သူမြတ်တို့အား နေ့စဉ် အရုဏ်ဆွမ်းများ နေ့ဆွမ်းများကပ်လှူလျှက်ရှိပြီး ၂၀၁၂ ခုနှစ်မှစ၍ ယာနအလှူအဖြစ်ဆွမ်းခံကြွကြသော သံဃာတော်အရှင်သူမြတ်တို့အား စစ်ကိုင်းမြို့တွင်းမှ တောင်ပေါ်သို့ မပင်မပမ်း ချမ်းသာစွာကြွတော်မူနိုင်ရန် ယာနဒါန ယဉ်အလှူစီမံကိန်းကို ပြည်တွင်းပြည်ပ အလှူရှင်စေတနာရှင်များကောင်းမှုဖြင့် မော်တော်ကားနှစ်စီးဖြင့် နေ့စဉ်လှူဒါန်းနိုင်ခဲ့ပါသည်။ ထိုသို့နေ့စဉ်ကုသိုလ်ယူနိုင်ရန်အတွက် ယာနအလှူ တွင် နေ့စဉ် မော်တော်ကား ဓါတ်ဆီ၊ဒီဇယ်ဆီ ဒရိုင်ဘာလခ များ နှင့်အထွေထွေ ပြုပြင်စားရိတ်များ အတွက် အရှင်ဇ၀န မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်မှ မတည်ငွေ ငွေပဒေသာပင် ကျပ်သိန်းတစ်ရာ ခန့်မတည်လှူဒါန်းခဲ့ပြီး အောက်ပါ ကုသိုလ်ရှင်များမှလည်း လစဉ် အလှူငွေများလှူဒါန်းကြပါသည်။
*October လ လစဉ်ကားဆီနဲ့အထွေထွေစရိတ်အလှူရှင်စာရင်း*
၁. မအင်ကြင်းသန့်(စင်္ကာပူ) S$10
၂. မခင်ကလျာစိုး(စင်္ကာပူ) S$10
၃. ZYL & KPS(စင်္ကာပူ) Dec 2012 ထိလှုပြီး
၎. ကိုမင်းသူရိန်+မသဇင် မိသားစု(စင်္ကာပူ) S$10
၅. ကိုစိုးနိုင်ဝင်း+မလဲ့လဲ့နှင်း(ရွှေဘို) S$10
၆. ကိုကျော်ကိုသက်+မလဲ့ဝတ်ရည်မြင့်(စင်္ကာပူ) S$10
၇. ဦးအောင်သိန်း+ဒေါ်မြင့်မြင့်ဦး မိသားစု(စင်္ကာပူ) S$10
၈. ဦးအောင်စိုး+ဒေါ်ခင်ထားအေး မိသားစု(စင်္ကာပူ) S$10
၉. ကိုဇော်ဝင်းထွဋ်+မနှင်းယုယုဝင်း၊သမီးလေး-အေးချမ်းပွင့်ဖြူ မိသားစု(စင်္ကာပူ)S$10
၁၀. ဗိုလ်ကြီးဥာဏ်ဝင်းထွန်း+မအေးသန္တာထွန်း(စင်္ကာပူ) S$10
၁၁. ကိုအောင်စေမင်း+မသင်းလဲ့ရီမောင်(စင်္ကာပူ) S$50
၁၂. ကိုထင်အောင်စိုး+မလဲ့လဲ့ဝင်း(စင်္ကာပူ) S$10
၁၃. မမေဖုန်းသော်(စင်္ကာပူ) S$10
၁၄. ဦးအောင်သာကျော်+ ဒေါ်သန်းသန်းဆွေ (စင်္ကာပူ) S$10
၁၅. ကိုဇော်ဝင်းမြင့် + မတင်ဇာပိုင် မိသားစု (စင်္ကာပူ) S$10 *လစဉ်ကားဆီနဲ့အထွေထွေစရိတ်အလှူ ငွေ စုစုပေါင်း S$ 180*
ယာဉ်အလှူကိုပေးလှူခြင်းသည် ချမ်းသာကိုပေးလှူသည်မည်၏ ဟူ၍ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့ပါသည်။ သပိတ်ကိုပိုက်လျှက် ဖိနပ်မစီးဘဲ ခြေလျှင်လျှောက်ရသော ခရီးကို မိမိတို့ကုသိုလ်ကောင်းမှုဖြင့်လှူဒါန်းထားကြသော မော်တော်ယဉ်ဖြင့် ကြွရသောအခါ မပင်မပန်း ချမ်းသာစွာဖြင့် လိုရာခရီးကိုရောက်ကြသည်ကို အမြဲတွေးကြည့်လျှက် ပရစေတနာ ကိုသိုလ်ပွားများနိုင်ကြပြီး စိတ်ချမ်းသာခြင်း ကိုယကျန်းမာခြင်းအပေါင်းတို့နှင့်ပြည့်စုံကြပါစေ။
အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
0 comments:
Post a Comment