Sunday, October 28, 2012

ကိုအောင်သက်လင်း+မယဉ်ယဉ်နု (စင်္ကာပူ) မှ မယဉ်ယဉ်နု ၏ မွေးနေ့အလှူကောင်းမှု ၂၈.၁၀.၂၀၁၂

သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လဆန်း (၁၃) ရက်၊ ၂၈.၁၀.၂၀၁၂ တနင်္ဂနွေနေ့

အရုဏ် မုန့်ဟင်းခါးဆွမ်း ကပ်လှူခြင်းနှင့် နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင် 


ကိုအောင်သက်လင်း + မယဉ်ယဉ်နု (စင်္ကာပူ) မှ မယဉ်ယဉ်နု ၏ မွေးနေ့အလှူကောင်းမှု ဖြစ်ပါတယ်။

သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း
ငါးကြော်
ကုလားပဲနှပ်
သံပုရာသီးအချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ မွေးနေ့ရှင် တစ်ဦးဖြစ်သော မသင်းသင်းနိုင်(ဂျပန်) မှလည်း သံဃာတော် အရှင်သူမြတ်တို့အတွက် ဆပ်ပြာမှုန့်ထုပ်များ လောင်းလှူခဲ့ပါတယ်။
ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းကုသိုလ်ရှင်များ ဖြစ်ကြသော ကိုအောင်သက်လင်း+မယဉ်ယဉ်နု(စင်္ကာပူ) နှင့်  ဆပ်ပြာမှုန့် ကုသိုလ်ရှင် မသင်းသင်းနိုင်(ဂျပန်) တို့အားလုံးတို့သည် သံဃာတော်များအား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ၊ ဆပ်ပြာမှုန့်များ  ဆပ်ကပ်လှူဒါန်းရသော ကုသိုလ်ကောင်းမှုကံ   စေတနာတို့ကြောင့်  ယနေ့မွေးနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး  စိတ်ချမ်းသာကိုယ် ကျန်းမာစွာဖြင့် သာသနာအကျိုး၊   လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက်  နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။

Inline image 1

Inline image 2

Inline image 3

Inline image 12

Inline image 13

Inline image 4

Inline image 5

Inline image 14

Inline image 6

Inline image 7

Inline image 8

Inline image 9

Inline image 10

Inline image 11

အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

0 comments:

Post a Comment