သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တော်သလင်းလပြည့်ကျော် (၁၅) ရက်၊ ၁၅.၁၀.၂၀၁၂ တနင်္လာနေ့
အရုဏ်မုန့်ဟင်းခါးဆွမ်းကုသိုလ်ရှင်
မခင်ငြိမ်းချမ်းဦး(မလေးရှား)မှဖြစ်ပြီး
နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်များကတော့
ရာသက်ပန်ထာဝရငွေပဒေသာပင်အလှူရှင်များအဖွဲ့မှ
သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ဝက်သားဟင်း
ကုလားပဲနှပ်
ပဲတီချဉ်သုတ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အရုဏ်ဆွမ်း အလှူရှင်မခင်ငြိမ်းချမ်းဦး(မလေးရှား)နှင့်နေ့ဆွမ်းကုသိုလ်ရှင် ရာသက်ပန်ထာဝရငွေပေဒသာပင်အလှူရှင်များ အားလုံးတို့သည် သံဃာတော်များအား
အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ လောင်းလှူရသော ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်
သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
0 comments:
Post a Comment