သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တော်သလင်းလပြည့်ကျော် (၁၄) ရက်၊ ၁၄.၁၀.၂၀၁၂ တနင်္ဂနွေနေ့
အရုဏ်ကြက်သားကြာဇံချက်ဆွမ်းကပ်လှူခြင်း ကုသိုလ်ရှင်
ကိုသူရယုစိန်(စင်္ကာပူ)မှ မွေးနေ့အလှူဖြစ်ပြီး
နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်များကတော့
မိဘများအားအမှူးထား၍ မမီမီဝင်းမောင် (စင်္ကာပူ)မှ မွေးနေ့အလှူအဖြစ်
သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ပဲပုပ်ချက်
မုန်လာဥချဉ်သုတ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အရုဏ်ဆွမ်း အလှူရှင်ကိုသူရယုစိန်(စင်္ကာပူ)နှင့်
နေ့ဆွမ်းကုသိုလ်ရှင်မမီမီဝင်းမောင် (စင်္ကာပူ) အားလုံးတို့သည် သံဃာတော်များအား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ လောင်းလှူရသော
ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်
သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
0 comments:
Post a Comment