Saturday, October 27, 2012

Dr.မြတ်ဉာဏ်+ဒေါ်ဝါဝါခိုင်မင်း၊ သမီးလေး-မေမြတ်နိုးခိုင် မိသားစုတို့၏ အရုဏ်ဆွမ်းအလှူ နှင့် ကိုထက်ဝေလင်း+မစုလတ်ဖြူ(စင်္ကာပူ)တို့၏ နေ့ဆွမ်းအလှူကောင်းမှု ၂၇.၁၀.၂၀၁၂


သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လဆန်း (၁၂) ရက်၊ ၂၇.၁၀.၂၀၁၂ စနေနေ့

အရုဏ် ကြက်သား ကြာဇံဟင်းခါးဆွမ်း  ကပ်လှူခြင်း ကုသိုလ်ရှင်

Dr.မြတ်ဥာဏ်+ဒေါ်ဝါဝါခိုင်မင်း၊ သမီးလေး-မေမြတ်နိုးခိုင် မိသားစု  မှ


 ဒေါ်ဝါဝါခိုင်မင်း
၏ မွေးနေ့အလှူ ကောင်းမှု ။

နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်များကတော့

ကိုထက်ဝေလင်း+မစုလတ်ဖြူ(စင်္ကာပူ)တို့၏ မွေးနေ့အလှူ ကောင်းမှု ဖြစ်ပါတယ်။ 

သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း
ကြက်သားဟင်း
ထောပတ်ပဲနှပ်
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

ဒါယိကာမကြီး ဒေါ်ဝါ၀ါခိုင်မင်းအတွက် ဦးကောဝိဒမှ မွေးနေ့လက်ဆောင်မွန် အဖြစ် သံဃာတော်အရှင်သူမြတ်တို့အား ပေါင်မုန့်ထုပ်များလှူဒါန်းကုသိုလ်ပြုပေးခဲ့ပါတယ်။

ယနေ့အရုဏ်ဆွမ်းအလှူရှင် Dr.မြတ်ဥာဏ်+ဒေါ်ဝါ၀ါခိုင်မင်း၊ သမီးလေး-မေမြတ်နိုးခိုင် မိသားစု နှင့် နေ့ဆွမ်းအလှူရှင် ကိုထက်ဝေလင်း+မစုလတ်ဖြူ မိသားစုတို့အားလုံးသည်  သံဃာတော်များအား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ၊  ဆပ်ကပ်လှူဒါန်းရသော ကုသိုလ်ကောင်းမှုကံ   စေတနာတို့ကြောင့်  ယနေ့မွေးနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး  စိတ်ချမ်းသာကိုယ် ကျန်းမာစွာဖြင့် သာသနာအကျိုး၊   လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက်  နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။

Inline image 1

Inline image 2

Inline image 3

Inline image 4

Inline image 5

Inline image 1

Inline image 2

Inline image 3

Inline image 4

Inline image 5

Inline image 6

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။



0 comments:

Post a Comment