သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လဆန်း (၁၄) ရက်၊ ၂၉.၁၀.၂၀၁၂ တနင်္လာနေ့
အရုဏ် ကြက်သား ကြာဇံဟင်းခါးဆွမ်း ကပ်လှူခြင်းနှင့် နေ့ဆွမ်း လောင်းလှူခြင်း ကုသိုလ်ရှင်
မွန်ကြည်စိန် + မမိုးဝင်း မိသားစု (ထိုင်း) ကောင်းမှု အလှူ ဖြစ်ပါတယ်။
သံဃာတော်များ ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ဝက်သားဟင်း
ထောပတ်ပဲနှပ်
သံပုရာသီးအချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အလှူ ရှင် မွန်ကြည်စိန် + မမိုးဝင်း မိသားစု တို့သည် သံဃာတော်များအား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ၊ ဆပ်ကပ်လှူဒါန်းရသော ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ယနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာကိုယ် ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
မှတ်ချက်။ ။ ယနေ့ ကော်နက်ရှင် အခက်အခဲကြောင့် အလှူဓာတ်ပုံများ စုံလင်အောင် တင်လို့မရပါသဖြင့် နားလည် သည်းခံပေးစေလိုပါသည်။
0 comments:
Post a Comment