သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တန်ဆောင်မုန်းလဆန်း (၁၅) ရက်၊ ၂၈.၁၁.၂၀၁၂ ဗုဒ္ဓဟူးနေ့
အရုဏ် ကြက်သား ကြာဇံဟင်းခါးဆွမ်း ကပ်လှူခြင်း ကုသိုလ်ရှင်
မနန်းဝတ်ရည်အောင်(ဂျပန်)၏ မွေးနေ့အလှူ ကောင်းမှု ဖြစ်ပါတယ်။
နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
----------------------------------
သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ဝက်သားဟင်း
ကုလားပဲနှပ်
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူ ပေးခဲ့ပါတယ်။
ယနေ့ နေ့ဆွမ်းအလှူရှင် နာမည်များကို ပြန်လည် တင်ပေးသွားပါမည်။
ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း အလှူရှင် မိသားစု အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
0 comments:
Post a Comment