Sunday, April 28, 2013

ကိုလှအောင်+မထားထားမြင့် မိသားစု(ဂျပန်) မှ သမီးလေး-ငုသဒ္ဒါသွင်၏ (၅)နှစ်ပြည့်မွေးနေ့အရုဏ်ဆွမ်းအလှူနှင့် ဦးအေးကျော်+ဒေါ်ဝင်းသီတာ မိသားစု၏ နေ့ဆွမ်းအလှူ ၂၈.၄.၂၀၁၃

သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တန်ခူးလပြည့်ကျော် (၃) ရက် ၊ ၂၈.၄.၂၀၁၃ တနင်္ဂနွေနေ့

အရုဏ် ကြက်သားကြာဇံဟင်းခါးဆွမ်းကပ်လှူခြင်း ကုသိုလ်ရှင်

ကိုလှအောင်+မထားထားမြင့်၊ သားသား-ကျော်စိုးဟန်၊ သမီးလေး-ငုသဒ္ဒါသွင် မိသားစု(ဂျပန်)မှ

သမီးလေးငုသဒ္ဒါသွင်၏ (၅)နှစ်ပြည့် မွေးနေ့အလှူ။

နေ့ဆွမ်းလောင်းလှူခြင်း နှင့် အချိုပွဲ-ကျောက်ကျော လောင်းလှူခြင်း ကုသိုလ်ရှင်

ကွယ်လွန်သူ မိခင်ကြီး ဒေါ်ခင်အေးကြူအား ရည်စူး၍ ဦးအေးကျော်+ဒေါ်ဝင်းသီတာ မိသားစုကောင်းမှု။

သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ပဲစာဥ
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့်လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် မိသားစု အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

Read more »

Saturday, April 27, 2013

ကိုဇော်(စင်္ကာပူ)၏ မွေးနေ့ အရုဏ်ဆွမ်းအလှူနှင့် ကိုနန္ဒမျိုးမင်း+မဖြူအိသွယ် (London)တို့၏ (၇)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်အလှူ ၂၇.၄.၂၀၁၃

သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တန်ခူးလပြည့်ကျော် (၂) ရက် ၊ ၂၇.၄.၂၀၁၃ စနေနေ့

အရုဏ် ကြက်သားကြာဇံဟင်းခါးဆွမ်းကပ်လှူခြင်း ကုသိုလ်ရှင်

ကိုဇော်(စင်္ကာပူ)၏ မွေးနေ့ အလှူ ကောင်းမှု

နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်

ကိုနန္ဒမျိုးမင်း+မဖြူအိသွယ် (London)တို့၏ (၇)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်အလှူ  ကောင်းမှု

သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ဝက်သားချက်
ပဲစာဥ
ဗူးချဉ်ချက်

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။