သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တန်ဆောင်မုန်းလပြည့်ကျော် (၁၃) ရက်၊ ၁၁.၁၂.၂၀၁၂ အင်္ဂါနေ့
အရုဏ် မုန့်ဟင်းခါးဆွမ်း ကပ်လှူခြင်း ကုသိုလ်ရှင်
မခင်ငြိမ်းချမ်းဦး(မလေးရှား) ကောင်းမှု အလှူ ဖြစ်ပါတယ်။
နေ့ဆွမ်းလောင်းလှူခြင်းကုသိုလ်ရှင်
ရာသက်ပန်ဆွမ်းပဒေသာပင် အလှူရှင်များအဖွဲ့ ကောင်းမှု အလှူ ဖြစ်ပါတယ်။
သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ဝက်သားဟင်း
ကုလားပဲနှပ်
ပဲတီချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ အရုဏ်ဆွမ်းအလှူရှင် နှင့် နေ့ဆွမ်းအလှူရှင် မိသားစုအားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
0 comments:
Post a Comment