Sunday, March 11, 2012

နှလုံးခွဲစိတ်ကုသရန်လှူဒါန်းခြင်း


စစ်ကိုင်းခရိုင်၊စစ်ကိုင်းမြို့နယ်၊ဈေးကုန်းရပ်တွင် နေထိုင်သော ဒုတပ်ကြပ်(ရဲ) ဦးကျော်ခိုင်မြင့်နှင့် ဒေါ်သင်းသင်းခိုင်ဝင်း တို့၏သား အသက် ၁၁ နှစ် ရှိသူ
မောင်ကျော်ဈာန်ဝင်းသည် နှလုံးခွဲစိတ်ရန် အခက်အခဲဖြစ်နေပါသည်။ခွဲစိတ်ရန်ကုန်ကျမည့်ငွေမှာ သိန်း၂၀ ဝန်းကျင်ရှိပါသည်။
မိဘများမှ စုဆောင်း ထားသောငွေ ၁၀ သိန်း ရှိပြီး အလှုရှင်တစ်ဦးမှ ၅သောင်းလှုထားပါသည်။
နောက်ထပ် လိုအပ်သော ငွေမှာ ၁၀ သိန်းဖြစ်သည်။ဆရာဝန်မှဖေဖော်ဝါရီလတွင်ခွဲစိတ်ရန်စီစဉ်ထားသော်လည်း
ကလေးငယ်ကိုယ်ခံအားနည်းမှုကြောင့် ဧပြီလတွင်ခွဲစိတ်ရန် ရက်ရွေ့ထားပါသည်။
မန်မာနိုင်ငံ၌ နှလုံးခွဲစိတ်မှုအတွက် ကုန်ကျစရိတ် လွန်စွာကြီးမားသဖြင့် စရိတ်မတတ်နိုင်သော လူနာအများစုမှာ ဆေးကုသမှု မခံယူနိုင်ဘဲ
အသက်အန္တရာယ် စိုးရိမ်စရာအခြေအနေနှင့် ရင်ဆိုင်နေကြရသည်ဟု သတင်းများတွင်လည်း ဖတ်ဖူးကြပါလိမ့်မည်။သင်အခုလို လှူလိုက်ခြင်းအားဖြင့်
သူတစ်ပါးအသက်ကို ကယ်တင်ရာရောက်ပါသည်။ လူတစ်ဦးတစ်ယောက်အတွက် အသက်သည် အင်မတန် အရေးကြီးလှပါသည်။
ပင်လယ်ပြင်ထဲတွင် မိုးရွာချမည့်အစား သဲကန္တာရထဲသို့ မိုးစက်မိုးပေါက်ကလေးများ ရွာချလိုက်ခြင်းသည် အလွန်အဖိုးတန်သကဲ့သို့
မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့သည် နာမည်ကြီးပြီး လှူဒါန်းသူများပြားသော နေရာများတွင် လှူဒါန်းခြင်းမပြုဘဲ အမှန်တကယ်လိုအပ်သော
နေရာများတွင်သာ လှူဒါန်းခြင်းဖြင့် အပြည့်အဝအကျိုးရှိသော အလှူများကိုသာ ရှာဖွေလှူဒါန်းလျှက်ရှိပါသည်။
www.facebook.com/pages/OH-Donation-Group/143938005709884
မှ သုံးသိန်းကျပ်လှူဒါန်းထားပါသည်။
Read more »