သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု နတ်တော်လဆန်း (၁၂) ရက်၊ ၂၅.၁၂.၂၀၁၂ အင်္ဂါနေ့
အရုဏ် မုန့်ဟင်းခါးဆွမ်းကပ်လှူခြင်းနှင့် နေ့ဆွမ်းလောင်းလှူခြင်းကုသိုလ်ရှင်
ဦးကျော်မောင် + ဒေါ်မြသွေး မိသားစု (ခင်ဦးမြို့) ကောင်းမှု အလှူ
သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ဝက်သားဟင်း
ကုလားပဲနှပ်
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အလှူရှင်မိသားစုတို့မှ သံဃာတော်များအတွက် ခံတံ၊ ဗလာစာအုပ်၊ ကိတ်ခြောက်မုန့်ထုပ်တို့ဖြင့် ကိုယ်တိုင်လောင်လှူ ကုသိုလ်ယူခဲ့ကြပါတယ်။
ယနေ့ အရုဏ်ဆွမ်းနှင့်နေ့ဆွမ်းအလှူရှင် ဦးကျော်မောင်+ဒေါ်မြသွေး မိသားစုအားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
အလှူရှင်မိသားစုမှ အမှတ်တရ
0 comments:
Post a Comment