သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု နတ်တော်လဆန်း (၁၄) ရက်၊ ၂၇.၁၂.၂၀၁၂ ကြာသပတေးနေ့
အရုဏ် ယာဂုဆွမ်းကပ်လှူခြင်း ကုသိုလ်ရှင်
ကိုတင်ထူးရွှေ + မသီရိအောင် (စင်္ကာပူ) ကောင်းမှု အလှူ နှင့်
နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
လစဉ်ဆွမ်းအလှူရှင်များ၏ အလှူ ကောင်းမှု ဖြစ်ပါတယ်။
သံဃာတော်များနေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ငါးကြော်
မြေထောက်ပဲနှပ်
မုံညင်းချဉ်သုပ်
ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အရုဏ်ဆွမ်းအလှူရှင် ကိုတင်ထူးရွှေ+မသီရိအောင် တို့အတူ လစဉ်ဆွမ်းအလှူရှင်များ မိသားစုအားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

0 comments:
Post a Comment