Tuesday, December 27, 2011

မျက်စီအလင်းအလှူ

လူနာများအား မန္တလေးသို့ပြန်လည်ပို့ဆောင်

မျက်စိခွဲစိတ်ပြီးဆေးရုံမှဆင်းလာချိန်
မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အမှန်တကယ်ဆင်းရဲနွမ်းပါးပြီး ဆေးကုသရန်မတတ်နိုင်သော ဝေဒနာရှင် လူမျိုး၊ဘာသာမရွေး ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဆောင်ရွက်လျှက်ရှိရာယခုဒီဇင်ဘာလတွင် မန္တလေးမြို့မှ မျက်စိဝေဒနာသည် ၄ ဦးအား စစ်ကိုင်းမြို့တွင် ခွဲစိတ်ကုသပေးခဲ့ပါသည်။
Read more »

Monday, December 26, 2011

ယာနဒါနကုသိုလ်


စစ်ကိုင်းမြို့တွင် ကိုရင်လေးများဆွမ်းခံကြွရာတွင် တောင်ပေါ်မှ မြို့ထဲသို့ကြွကြရာတွင် ဆွမ်းခံပြန်ချိန်၌
မြို့ထဲမှာတောင်ပေါ်သို့ပြန်ကြသော ကားများ၊ဆိုင်ကယ်များကို တားကြရာ မည်သည့်ယဉ်မှ ရပ်၍
ကိုရင်လေးများကိုတင်ဆောင်ခေါ်ခြင်းမရှိပေ။
အဆိုပါအခက်အခဲကို မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ တာဝန်ယူလျှက် မော်တော်ယဉ်တစ်စီးဖြင့် စတင်
အကျိုးဆောင်ပေးလျှက်ရှိကြောင်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်စေရန် တင်ပြလိုက်ပါသည်။
Read more »

Sunday, December 25, 2011

ကိုသက်+မဝေေ၀စိုး(မူဆယ်) တို့မှ လမ်းအလှူ

လမ်းခင်းပြီးချိန်
လမ်းဘေးတွင် ရေမြောင်းရှိသဖြင့် ကျောက်ရိုးကာပေးထားရပါတယ်။
လမ်းအောက်ခြေကို ကျောက်ကြီး၊ကျောက်သေးများနဲ့ဖောင်ဒေးရှင်းချကြပါတယ်။


စစ်ကိုင်းမြို့၊စစ်ကိုင်းတောင်ရိုး။လပြည့်ဝန်းလမ်းထဲရှိ လမ်းသွယ်တစ်ခုအား မေတ္တာရှင်ဖောင်ဒေးရှင်းမှ
ပေ ၅၅၀ ကွန်ကရစ်လမ်းခင်းခဲ့ပြီး ကျန်ရှိသောလမ်းပိုင်းအတွက် အလှူရှင်အသီးသီးမှ ၁၀ ပေလျှင် နှစ်သိန်းကျပ်
ဖြင့် လှူဒါန်းခင်းကျင်းလျှက်ရှိရာ မူဆယ်မြို့မှ ကိုသက်နှင့် မဝေေ၀စိုးတို့မှလည်းလမ်း ၁၂ ပေအတွက် နှစ်သိန်း
လေးသောင်းကျပ်လှူဒါန်းပြီးခင်းကျင်းပေးခဲ့ပါသည်။ လမ်းအကျယ်မှာ ၁၇ ပေဖြစ်ပါသည်။ ဆက်လက်၍ ကျန်ရှိသော အပိုင်းအတွက်လှူဒါန်းလိုပါကလည်း ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။
Read more »

Thursday, December 8, 2011

ကိုသက်+မဝေေ၀စိုး(မူဆယ်မြို့)မှကုသိုလ်ပြုပွဲ


















သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၃ခု နတ်တော်လဆန်း(၁၃)ရက် ကြာသာပတေးနေ့ ၈.၁၂.၂၀၁၁

ကုသိုလ်ရှင်များကတော့ ကိုသက်+မဝေေ၀စိုး(မူဆယ်မြို့) မှဖြစ်ကြပါသည်။

အရုဏ်မုန့်ဟင်းခါးဆွမ်းကပ်လှူခဲ့၍

ဆွမ်းလောင်းလှူရာတွင်

ဆွမ်း

ဝက်သားဟင်း

ကုလားပဲနှပ်

ကြက်ဥအစိမ်းကြော်

မုန့်ညင်းချဉ်

ဆီတိုဟူး

စသည့်ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ကြပါသည်။


အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...
Read more »

Sunday, December 4, 2011

မသင်းသီတာနွယ် (စင်္ကာပူ) မှ မွေးနေ့ကုသိုလ်ပြုပွဲ

















ယနေ့သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၃ခု နတ်တော်လဆန်း(၉)ရက် တနင်္ဂနွေနေ့ ၄.၁၂.၂၀၁၁
မသင်းသီတာနွယ် (စင်္ကာပူ)မှ မွေးနေ့အလှူအဖြစ် ကုသိုလ်ပြုလှူဒါန်းပါသည်။
သံဃာတော်အရှင်သူမြတ်များအား အရုဏ်ကြက်သားကြာဇံချက်ဆွမ်း ကပ်လှူ၍
ဆွမ်း
ကြက်သားဟင်း
စားတော်ပဲနှပ်
ကြက်ဥအစိမ်းကြော်
သံပုရာအချဉ်
စသည့်ဟင်းလျာများဖြင့်
ဆွမ်းလောင်းလှူပေးခဲ့ပါသည်။
ယခုလိုမွေးနေ့အချိန်အခါမှာ သံဃာတော်များအား ဆွမ်းလုပ်ကျွေးပြုစုရသောကိုသိုလ်ကောင်းမှုကံစေတနာ
တို့ကြောင့် အစစအရာရာအဆင်ပြေအောင်မြင်ပြည့်စုံ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး ၊ လောကအကျိုးသယ်ပိုးဆောင်ရွက်နိုင်သော အမျိုးကောင်းသမီးတစ်ဦးဖြစ်ပါစေလို့ ဆွမ်းလောင်းအသင်းမှ
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
Read more »

Friday, December 2, 2011

အရှင်ဇ၀န မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် တရားပွဲပိတ်ခံရသည်ဆိုသည်မှာ မဟုတ်ပါကြောင်း




နိုဝင်ဘာ(၂၃)ရက်နေ့တွင်ရှမ်းပြည်နယ်တောင်ပိုင်းတာချီလိတ်မြို့တွင်မေတ္တာရှင်ဆရာတော်မှနေ့တရားပွဲ ဟောပေးခဲ့ပါသည်။အဆိုပါနေ့တွင် ရန်ကုန်မြို့တွင် အခမ်းအနားတစ်ခုမှ ပင့်ဖိတ်ထားသဖြင့် အချိန်မှီကြွရန် နေ့ပွဲဟောပေးခဲ့ပြီး ရန်ကုန်သို့အချိန်မှီကြွနိုင်ရန်အတွက် အဆိုပါ၂၃ ရက်နေ့မှာပင်လေယဉ်ခရီးဖြင့် ကြွတော်မူခဲ့ပါသည်။ တရားပွဲပိတ်ခံရသည့်သတင်းများထွက်ပေါ်လျှက်ရှိရာ အဆိုပါကောလဟာလ သတင်းများ သည် မှန်ကန်မှုမရှိပါကြောင်း သိစေအပ်ပါသည်။
ယခုအချိန်အထိ တရားပွဲများဆက်လက်ဟောကြားပေးလျှက်ရှိပါသည်။ ၂၀၁၂ နှစ်အကုန်အထိ တရားပွဲရက်များပြည့်နေ့ပြီဖြစ်ပါသည်။ တရားပွဲပင့်လျှောက်လိုသူများ mettashinsayadaw@gmail.com သို့ဆက်သွယ်ပြီး လျှောက်လွှာတင်ထားနိုင်ကြပါသည်။

Read more »