သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု ပြာသိုလဆန်း (၁) ရက်၊ ၁၂.၁.၂၀၁၃ စနေနေ့
အရုဏ် ကြက်သားကြာဇံဟင်းခါးဆွမ်း ကပ်လှူခြင်း ကုသိုလ်ရှင်
ကိုထွန်းမြင့်အောင် + မဆုဝေဖြိုး (စင်္ကာပူ) မှ ကိုထွန်းမြင့်အောင်၏ မွေးနေ့အလှူ။
နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
ကွယ်လွန်သူ အဖိုး၊ အဖွားများအားရည်စူး၍ ဖခင်ဦးထွန်းသိန်း(ခ) ဦးခွင် နှင့်
မိခင်ဒေါ်အေးရီ တို့အား အမှူးထားပြီး မဝေမာဦး၊ မဆွေမာသက်၊ မောင်သူရိန်ဦး
မိသားစု မှ မဝေမာဦး(စင်္ကာပူ)၏ မွေးနေ့အလှူ။
သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ထောပတ်ပဲနှပ်
မုံလာဥချဉ်သုပ်
ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့်လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် မိသားစု အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
0 comments:
Post a Comment