သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု ပြာသိုလဆန်း (၁၂) ရက်၊ ၂၃.၁.၂၀၁၃ ဗုဒ္ဓဟူးနေ့
အရုဏ် မုန့်ဟင်းခါးဆွမ်း ကပ်လှူ ခြင်း ကုသိုလ်ရှင်
ဦးထွန်းဇော် + ဒေါ်နုနုဝင်း မိသားစု မှ ဦးထွန်းဇော်၏ (၆၀) နှစ်ပြည့် မွေးနေ့အလှူ။
နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
ရာသက်ပန် ဆွမ်းပဒေသာပင် အလှူရှင်များ ကောင်းမှု။
သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ကုလားပဲနှပ်
မုံလာဥချဉ်သုပ်
ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့်လောင်းလှူပေးခဲ့ပါတယ်။
ယနေ့နံနက်တွင် နိုင်ငံတကာ ခရီးသွားမိသားစုများမှ သံဃာတော်များအတွက် လှူဖွယ်ပစ္စည်းမျိုးစုံ ( ဗလာစာအုပ်၊ ဘောပင်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ မျက်နှာသုပ်ပဝါ၊ ကိတ်ခြောက်ထုတ်၊ ကော်ဖီမစ်ထုပ်၊ ချိုချဉ် ၊ ဆေးဗူးများ) စသည့်ပစ္စည်းမျိုးစုံတို့ဖြင့် ကိုယ်တိုင်လာရောက် လောင်းလှူ ကုသိုလ်ယူခဲ့ကြပါတယ်။
ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် မိသားစု အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
0 comments:
Post a Comment