သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု နတ်တော်လပြည့်ကျော် (၄) ရက်၊ ၁.၁.၂၀၁၃ အင်္ဂါနေ့
အရုဏ်ကြက်သားကြာဇံဟင်းခါးဆွမ်းကပ်လှူခြင်း ကုသိုလ်ရှင်
မညိမ့်ညိမ့်ကလျာ (စင်္ကာပူ) ၏ မွေးနေ့အလှူ ကောင်းမှု ဖြစ်ပါတယ်။
နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
ကွယ်လွန်သူများဖြစ်ကြသော ဖခင်ကြီးဦးမောင်ရွှေ + မိခင်ကြီးဒေါ်ကြည်ညွန့်၊ မောင်လေး-မောင်စန်းဌေး၊
မောင်စန်းလွင်တို့အား ရည်စူး၍ သမီး/အစ်မဖြစ်သူ မခင်မြ (စင်္ကာပူ) မှ နှစ်ဦး ဆွမ်းအလှူ ကောင်းမှု ။
သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ငါးကြော်
ခရမ်းသီးနှပ်
မြေထောက်ပဲနှပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့်လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် မိသားစုအားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
မှတ်ချက်။ ။ ကွယ်လွန်သူများဖြစ်ကြသော ဖခင်ကြီး ဦးမောင်ရွှေ ၊ မိခင်ကြီး ဒေါ်ကြည်ညွန့်၊ ........
အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
0 comments:
Post a Comment