Wednesday, February 13, 2013

ဦးအောင်သိန်းထွန်း၏ မွေးနေ့အထိမ်းအမှတ် အလှူအဖြစ် ကိုထက်ကိုလင်း+မဟေမာအောင် မိသားစု ၏ အလှူ ၁၃.၂.၂၀၁၃


သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တပိုတွဲလဆန်း (၃) ရက် ၊ ၁၃.၂.၂၀၁၃ ဗုဒ္ဓဟူးနေ့



အရုဏ်  မုန့်ဟင်းခါးဆွမ်းကပ်လှူခြင်း နှင့် နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်



ဦးအောင်သိန်းထွန်း၏  မွေးနေ့အထိမ်းအမှတ်  အလှူအဖြစ်

ကိုထက်ကိုလင်း + မဟေမာအောင်  မိသားစု ၏ အလှူ ကောင်းမှု




သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း

ငါးကြော်

ကုလားပဲနှပ်

ပဲတီချဉ်သုပ်

ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့်လောင်းလှူပေးခဲ့ပါတယ်။



မေတ္တာရှင်ဖောင်ဒေးရှင် (စင်္ကာပူ) မှ မောင်နှမများ မှလည်း လှူဖွယ် ပစ္စည်းမျိုးစုံတို့ဖြင့် ကိုယ်တိုင်လာရောက်လောင်းလှူ ကုသိုလ်ယူခဲ့ကြပါတယ်။



ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် မိသားစု အားလုံးတို့နှင့်တကွ အလှူရှင် အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ၊ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
































































အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။


0 comments:

Post a Comment