Thursday, February 21, 2013

မမေကျော့ရှင်း(ဂျပန်)၏ အရုဏ်ဆွမ်းအလှူနှင့် မောင်ညီညီမိုး+မသင်းသီရိစံ (စင်္ကာပူ)တို့၏ မင်္ဂလာဦး နေ့ဆွမ်းအလှူ 21.2.2013


သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တပိုတွဲလဆန်း (၁၁) ရက် ၊ ၂၁.၂.၂၀၁၃ ကြာသပတေးနေ့



အရုဏ် ကြက်သားကြာဇံဟင်းခါးဆွမ်းကပ်လှူခြင်း ကုသိုလ်ရှင်



မမေကျော့ရှင်း (ဂျပန်) ၏  ကောင်းမှု အလှူ


နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်များကတော့



နှစ်ဘက်မိဘများအားအမှူးထား၍ မောင်ညီညီမိုး + မသင်းသီရိစံ (စင်္ကာပူ) တို့၏ မင်္ဂလာဦး အလှူ



သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း

ငါးခြောက်ချက်

ကြက်ဟင်းခါးသီးချက်

မုံလာဥချဉ်သုပ်

ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့်လောင်းလှူပေးခဲ့ပါတယ်။





ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် မိသားစု  အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။






















































အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။



0 comments:

Post a Comment