Friday, February 15, 2013

ကိုပြည့်ဖြိုးမောင်+မမိုးမိုးအောင် ၊ ကိုစိုင်းလိုင်းပန်+မမေဖြိုးဦးတို့၏ နှစ်ပတ်လည် အရုဏ်ဆွမ်းအလှူနှင့်မအေးမြသန့်ဇင်(စင်္ကာပူ)၏ မွေးနေ့-နေ့ဆွမ်းအလှူ ၁၅.၂.၂၀၁၃

သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တပိုတွဲလဆန်း (၅) ရက် ၊ ၁၅.၂.၂၀၁၃ သောကြာနေ့

အရုဏ် ကြက်သားကြာဇံဟင်းခါးဆွမ်းကပ်လှူခြင်း ကုသိုလ်ရှင်

ကိုပြည့်ဖြိုးမောင် + မမိုးမိုးအောင် ၊ ကိုစိုင်းလိုင်းပန် + မမေဖြိုးဦးတို့၏ နှစ်ပတ်လည် ဆွမ်းအလှူ။

နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်

မအေးမြသန့်ဇင် (စင်္ကာပူ)၏ မွေးနေ့ အလှူ ကောင်းမှု 


သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ငါးခြောက်ချက်
ခရမ်းသီးနှပ်
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့်လောင်းလှူပေးခဲ့ပါတယ်။


ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် မိသားစု  အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
























အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။


0 comments:

Post a Comment