Thursday, February 28, 2013

မငြိမ်းငြိမ်းသန့် (စင်္ကာပူ)၏ မွေးနေ့ အရုဏ်ဆွမ်းအလှူ နှင့် သဒ္ဓမ္မပါလကျောင်းတိုက် ဝေယျာဝစ္စအဖွဲ့ တို့၏ နေ့ဆွမ်းအလှူ ၂၈.၂.၂၀၁၃

သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တပိုတွဲလပြည့်ကျော် (၃)ရက် ၊ ၂၈.၂.၂၀၁၃ ကြာသပတေးနေ့

အရုဏ် ကြာဇံဟင်းခါးဆွမ်းကပ်လှူခြင်း ကုသိုလ်ရှင်

ကျေးဇူးရှင် မိဘနှစ်ပါးအား အမှူးထား၍ မငြိမ်းငြိမ်းသန့် (စင်္ကာပူ)၏ မွေးနေ့ ကောင်းမှု အလှူ

နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်

သဒ္ဓမ္မပါလကျောင်းတိုက် ဝေယျာဝစ္စအဖွဲ့များ ကောင်းမှု အလှူ

သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ခရမ်းသီးချက်
ပဲပုတ်ချက်
ပဲတီချဉ်သုပ်
ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့်လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် မိသားစု အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။























အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

0 comments:

Post a Comment