သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု ၀ါခေါင်လပြည့်ကျော် (၁၁)ရက် ၁၂.၉.၂၀၁၂ ဗုဒ္ဓဟူးနေ့
မိဘနှစ်ပါးအားအမှူးထား၍ မသဇင်ခိုင် (US) မှ မွေးနေ့အလှူအဖြစ်
သံဃာတော်အရှင်သူမြတ်တို့အားနံနက်အရုဏ်တက်ချိန်တွင်
အရုဏ်ကြက်သားကြာဇံချက်ဆွမ်းကပ်လှူခဲ့ပါသည်။
သံဃာတော်အရှင်သူမြတ်များနေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်လည်း
ဆွမ်း
ကြက်သားဟင်း
သရက်ချဉ်သုတ်
ပဲစားဥ
ပါလချောင်ကြော်
စသည့်ဟင်းလျာများဖြင်
လောင်းလှူကုသိုလ်ယူခဲ့ပါသည်။
ယနေ့ မွေးနေ့အလှူရှင် မသဇင်ခိုင် (US) မှ သံဃာတော်အရှင်သူမြတ်တို့အား တစ်နေ့တာ အရုဏ်ဆွမ်း+နေ့ဆွမ်းများလှူဒါန်းရသော
ကုသိုလ်ကောင်းမှုကံစေတနာတို့ကြောင့် ဆွမ်းအကျိုးငါးပါးပြည့်စုံ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင်
ပြည့်စုံ၍ သာသနာအကျိုး၊လောကကောင်းကျိုးများသယ်ပိုးဆောင်ရွက်နိုင်ပါစေ။
စတီးရာဇမတ်မကြာခင်အပြီးသတ်တပ်ဆင်ပြီးမည်ဖြစ်ပါသည်။ အမိုးများတပ်ဆင်ရန်ကျန်ရှိနေပါသည်။
0 comments:
Post a Comment