၁၉.၉.၂၀၁၂ ဗုဒ္ဓဟူးနေ့ ဆွမ်းလောင်းလှူခြင်း
သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တော်သလင်းလဆန်း (၄) ရက် ၁၉.၉.၂၀၁၂ ဗုဒ္ဓဟူးနေ့
ဦးခင်အောင်တင်+ဒေါ်ခင်ခင်ဦး မိသားစု(စင်္ကာပူ)
မှ နံနက်အရုဏ်တက်ချိန်တွင် သံဃာတော်အရှင်သူမြတ်တို့အား
အရုဏ် အုန်းနို့ခေါက်ဆွဲဆွမ်း ကပ်လှူခဲ့ပြီး
သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ပဲစားဥ
ချဉ်ပေါင်ရွက်ကြော်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အလှူရှင်ဦးခင်အောင်တင်+ဒေါ်ခင်ခင်ဦး မိသားစု(စင်္ကာပူ)သည် သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းလောင်းလှူရသော
ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ဆွမ်းအကျိုး ငါးပါးပြည့်စုံ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အစစအရာရာ
အဆင်ပြေ အောင်မြင်ပြည့်စုံ၍ သာသနာအကျိုး ၊ လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ပါစေလို့
ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။
0 comments:
Post a Comment