၂၂.၉.၂၀၁၂ သောကြာနေ့ ဆွမ်းလောင်းလှူခြင်း
သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တော်သလင်းလဆန်း (၇) ရက် ၂၂.၉.၂၀၁၂ စနေနေ့
မအေးဇာလီ(စင်္ကာပူ)မှ မွေးနေ့အလှူအထိမ်းအမှတ်အဖြစ်
နံနက်အရုဏ်တက်ချိန်တွင် သံဃာတော်အရှင်သူမြတ်တို့အား
အရုဏ် ကြက်သားအုန်းနို့ခေါက်ဆွဲဆွမ်း ကပ်လှူခဲ့ပြီး
သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်
ငါးဟင်း
ပဲစားဥနှပ်
သရက်ချဉ်သုတ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ မအေးဇာလီ(စင်္ကာပူ)မှ မွေးနေ့အလှူ အဖြစ် သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းနှင့်နေ့ဆွမ်းလောင်းလှူရသော ကုသိုလ်ကောင်းမှုရှင်များ အားလုံးတို့ဆွမ်းအကျိုး ငါးပါးပြည့်စုံ၍
စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေ အောင်မြင်ပြည့်စုံ၍ သာသနာအကျိုး ၊ လောကကောင်းကျိုးများ
သယ်ပိုးဆောင်ရွက် နိုင်ပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။
0 comments:
Post a Comment