၂၀.၉.၂၀၁၂ ကြာသာပတေးနေ့ ဆွမ်းလောင်းလှူခြင်း
သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တော်သလင်းလဆန်း (၅) ရက် ၂၀.၉.၂၀၁၂ ကြာသာပတေးနေ့
ကျေးဇူးရှင်မိခင်ကြီး ဒေါ်ရည်ရည်ခင်၏(၂၂.၉.၂၀၁၂)တွင် ကျရောက်မည့် (၆၅
နှစ်ပြည့် မွေးနေ့အလှူအဖြစ် သမီး- မခင်ဖြိုးထင် (စင်္ကာပူ)၏ အလှူအဖြစ်
ှ နံနက်အရုဏ်တက်ချိန်တွင် သံဃာတော်အရှင်သူမြတ်တို့အား
အရုဏ် ကြက်သားကြာဇံချက်ဆွမ်း ကပ်လှူခဲ့ပြီး
ကွယ်လွန်သူ ဦးခင်မောင်မြင့် အားရည်စူး၍
ဇနီးဒ်ါတင်တင်အေး မိသားစုတို့မှ
သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ဝက်သားဟင်း
ပဲစားဥ
မျှစ်ချဉ်ကြော်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အရုဏ်ဆွမ်းအလှူရှင်များနှင့်နေ့ဆွမ်းလောင်းလှူရသော ကုသိုလ်ကောင်းမှုရှင်များ အားလုံးတို့
ဆွမ်းအကျိုး ငါးပါးပြည့်စုံ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အစစအရာရာ
အဆင်ပြေ အောင်မြင်ပြည့်စုံ၍ သာသနာအကျိုး ၊ လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ပါစေလို့
ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။
0 comments:
Post a Comment