Thursday, July 18, 2013

ကွယ်‌လွန်‌သူ ဦးမြသန်း အားရည်‌စူး၍ ‌ဒေါ်မြင့်‌မြင့်‌ဦး မိသားစု၏ အရုဏ်ဆွမ်းအလှူနှင့် ရာသက်ပန်ဆွမ်းပဒေသာပင်မှ အလှူရှင်းများ၏ နေ့ဆွမ်းအလှူ ၁၇.၇.၂၀၁၃

သာသနာတော်နှစ် ၂၅၅၇ ခုကောဇာသက္ကရာဇ် ၁၃၇၅ ခု ဝါဆိုလဆန်း (၁၀) ရက် ၊ ၁၇.၇.၂၀၁၃ ဗုဒ္ဓဟူးနေ့

အရုဏ် ကြာဇံဟင်းခါးဆွမ်းကပ်လှူခြင်း   ကုသိုလ်ရှင်

ကွယ်‌လွန်‌သူ ဦးမြသန်း အားရည်‌စူး၍ ‌ဒေါ်မြင့်‌မြင့်‌ဦး မိသားစု   ကောင်းမှု

နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်

 ရာသက်ပန်ဆွမ်းပဒေသာပင်မှ အလှူရှင်းများ  ကောင်းမှု

သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ငါးခြောက်ချက်
ပဲစာဥ
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့်လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် မိသားစု အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။























အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။


0 comments:

Post a Comment