သာသနာတော်နှစ် ၂၅၅၇ ခုကောဇာသက္ကရာဇ် ၁၃၇၅ ခု နယုန်လပြည့်ကျော် (၁၃) ရက် ၊ ၅.၇.၂၀၁၃ စနေနေ့
အရုဏ် ကြက်သားကြာဇံဟင်းခါးဆွမ်း ကပ်လှူခြင်း ကုသိုလ်ရှင်
နှစ်ဘက်မိဘများကိုအမှူထား၍ မောင်မျိုးမင်းသန့်+မဝတ်ရည်ရွှေ မိသားစု(စင်္ကာပူ) ကောင်းမှု
နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
မေတ္တာရှင်ဖောင်ဒေးရှင်း၊ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း (၄) နှစ်ပြည့် နှစ်ပတ်လည်ပွဲ နှင့် "မေတ္တာရတနာ" ကျောင်းဆောင် ရေစက်ချအလှူပွဲ နှင့် "သစ္စာရတနာ" ကျောင်းတိုက် ပန္နက်ရိုက် မင်္ဂလာပွဲ အဖြစ် သံဃာတော် အပါး (၁၀၀၀) ကျော်တို့အား နတ်သုဒ္ဓါဆွမ်းများ လောင်းလှူ ခြင်းနှင့် ဗလာမပါ စာရေးတံမဲများ လောင်းလှူ ခဲ့ပါတယ်။
ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် မိသားစု အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။

















0 comments:
Post a Comment