သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု ပြာသိုလဆန်း (၈) ရက်၊ ၁၉.၁.၂၀၁၃ စနေနေ့
အရုဏ် မုန့်ဟင်းခါးဆွမ်း ကပ်လှူခြင်းနှင့် နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
ဦးသန်းဝင်း + ဒေါ်စီစီအေး သား-မောင်ကျော်နိုင်မိုး၊ သမီး- မကေခိုင်မိုး မိသားစု (လှည်းကူး) မှ ကောင်းမှု အလှူ ဖြစ်ပါတယ်။
သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်ဥချက်
ကုလားပဲနှပ်
မုံလာဥချဉ်သုပ်
ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့်လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် မိသားစု အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။










0 comments:
Post a Comment