Saturday, January 26, 2013

ဦးလွင်ကို+ဒေါ်ကြူကြူမြင့် မိသားစု(စင်္ကာပူ)၏ အရုဏ်ဆွမ်းအလှူနှင့် မမြတ်မြတ်ခိုင် (စင်္ကာပူ)၏ မွေးနေ့ နေ့ဆွမ်းအလှူ ၂၆.၁.၂၀၁၃ စနေနေ့

သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု ပြာသိုလပြည့်နေ့ ၊ ၂၆.၁.၂၀၁၃ စနေနေ့

အရုဏ်  ကြက်သားကြာဇံဟင်းခါးဆွမ်းကပ်လှူခြင်း  ကုသိုလ်ရှင်

ဦးလွင်ကို + ဒေါ်ကြူကြူမြင့်၊ သား-မောင်ကောင်းဝေယံလွင် မိသားစု (စင်္ကာပူ)မှ ဦးလွင်ကို၏ မွေးနေ့အလှူ။

နေ့ဆွမ်းလောင်းလှူခြင်း  ကုသိုလ်ရှင်

ကျေးဇူးရှင်မိဘများဖြစ်သော ဦးစိန်အောင်သန်း + ဒေါ်မြင့် အားအမှူးထား၍

သမီး မမြတ်မြတ်ခိုင် (စင်္ကာပူ) မှ မွေးနေ့ အထိမ်းအမှတ်အလှူ


သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ရွှေဖရုံသီးချက်
မုံလာဥချဉ်သုပ်
ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့်လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် မိသားစု အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ  ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု  စေတနာတို့ကြောင့် ယနေ့ မှ  စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး  စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်  သာသနာအကျိုး၊  လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက်  နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။



























အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

0 comments:

Post a Comment