သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တန်ဆောင်မုန်းလဆန်း (၁၃) ရက်၊ ၂၆.၁၁.၂၀၁၂ တနင်္လာနေ့
အရုဏ် ကြက်သား ကြာဇံဟင်းခါးဆွမ်း ကပ်လှူခြင်း နှင့် နေ့ဆွမ်းလောင်းလှူခြင်းကုသိုလ်ရှင်
ကွယ်လွန်သူ ဦးကျော်မင်းအားရည်စူး၍ သား - ချမ်းမြေ့+ မသူဇာဝင်း မိသားစု (ပြင်ဦးလွင်မြို့) ကောင်းမှု ဖြစ်ပါတယ်။
သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ထောပတ်ပဲနှပ်
ဇီးဖြူသီးထောင်း
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း အလှူရှင် မိသားစု အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
0 comments:
Post a Comment