သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တန်ဆောင်မုန်းလပြည့်ကျော် (၈)ရက်၊ ၆.၁၂.၂၀၁၂ ကြာသပတေးနေ့
အရုဏ် သက်သက်လွတ် ကြာဇံဟင်းခါးဆွမ်း ကပ်လှူခြင်း နှင့် သက်သက်လွတ်နေ့ဆွမ်းလောင်းလှူခြင်းကုသိုလ်ရှင်
ဦးမွန်မောင်အေး ၏ မွေးနေ့အလှူ ကောင်းမှု ဖြစ်ပါတယ်။
သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
အာလူးဟင်း
ထောပတ်ပဲနှပ်
ခရမ်းချဉ်သီးချက်
ပန်းဂေါ်ဖီကြော်
ခရမ်းသီးနှပ် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ သက်သက်လွတ် အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် ဦးမွန်မောင်အေး သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။

အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

0 comments:
Post a Comment