Monday, August 12, 2013

ကိုဇော်ဝင်းမြင့်+မတင်ဇာပိုင် မှ ကိုဇော်ဝင်းမြင့် မွေးနေ့ အထိမ်းအမှတ် အရုဏ်ဆွမ်းအလှူနှင့် ရာသက်ပန်ဆွမ်းပဒေသာပင် အလှူရှင်များ၏ နေ့ဆွမ်းအလှူ ၁၂.၈.၂၀၁၃

သာသနာတော်နှစ် ၂၅၅၇ ခုကောဇာသက္ကရာဇ် ၁၃၇၅ ခု ဝါခေါင်လဆန်း (၆) ရက် ၊ ၁၂.၈.၂၀၁၃ တနင်္လာနေ့

အရုဏ် မုန့်ဟင်းခါးဆွမ်း ကပ်လှူခြင်း  ကုသိုလ်ရှင်

ကိုဇော်ဝင်းမြင့်+မတင်ဇာပိုင် မှ ကိုဇော်ဝင်းမြင့် မွေးနေ့ အထိမ်းအမှတ် ကောင်းမှု။

နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်

ရာသက်ပန်ဆွမ်းပဒေသာပင် အလှူရှင်များ ကောင်းမှု။

သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ဝက်သားဟင်း
ကုလားပဲနှပ်
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့်လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် မိသားစု အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။





















အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။


0 comments:

Post a Comment