Wednesday, June 26, 2013

မမေဖြိုးအောင် (စင်္ကာပူ) ၏ မွေးနေ့အလှူ ကောင်းမှု ၂၆.၆.၂၀၁၃

သာသနာတော်နှစ် ၂၅၅၇ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု နယုန်လပြည့်ကျော် (၃) ရက် ၊ ၂၆.၆.၂၀၁၃ ဗုဒ္ဓဟူးနေ့

အရုဏ်  ယာဂုဆွမ်းနှင့် နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်

  မမေဖြိုးအောင် (စင်္ကာပူ) ၏ မွေးနေ့အလှူ ကောင်းမှု

သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ကုလားပဲနှပ်
သံပုရာချဉ်
ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့်လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် မိသားစု အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။



















အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

0 comments:

Post a Comment