Friday, May 17, 2013

ကိုနှစ်ဆန်းဦး+မသူသူအောင်၊သမီး မခောတ်သက်နွေး မိသားစု (ထိုင်း) ၏ အရုဏ်ဆွမ်းအလှူနှင့် ဦးသိန်းတင်+ဒေါ်ကျင်ပြုံး မိသားစု မှ (၂၇.၅.၂၀၁၃) မွေးနေ့ရှင်-ဦးသိန်းတင် ၏ မွေးနေ့အလှူ ကောင်းမှု 16.5.2013

သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု ကဆုန်လဆန်း (၇) ရက် ၊ ၁၆.၅.၂၀၁၃ ကြာသပတေးနေ့

အရုဏ် ကြက်သားကြာဇံဟင်းခါးဆွမ်းကပ်လှူခြင်း ကုသိုလ်ရှင်

ကိုနှစ်ဆန်းဦး+မသူသူအောင်၊သမီး မခောတ်သက်နွေး မိသားစု (ထိုင်း) မှ

မခောတ်သက်နွေး ၏ (၂) နှစ်ပြည့်မွေးနေ့ အလှူ။


နေ့ဆွမ်းကုသိုလ်ရှင်

ဦးသိန်းတင်+ဒေါ်ကျင်ပြုံး မိသားစု မှ (၂၇.၅.၂၀၁၃) မွေးနေ့ရှင်-ဦးသိန်းတင် ၏ မွေးနေ့အလှူ ကောင်းမှု။
သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ပဲစာဥ
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့်လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းအလှူရှင် မိသားစု အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့ မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
































အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

0 comments:

Post a Comment