Saturday, February 4, 2012

သက်တော်(၄၈)နှစ်ပြည့် ဝိဇာတမင်္ဂလာ ဖိတ်ကြားလွှာ

ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့ မန္တလေးကျောင်းတိုက်၊ မြိတ်မြို့ သစ်ညီနောင်ဓမ္မရိပ်သာ

၊ကော့သောင်းမြို့ ဝေနေယျသုခ ဓမ္မရိပ်သာ၊ မှော်ဘီမြို့နယ် သုဒ္ဓဝိပဿနာရိပ်သာ၊

ရပ်စောက်မြို့ ရွှေပြည်သာဓမ္မရိပ်သာ ကျောင်းတိုက်များ၏

ဦးစီးပဓါန နာယကဆရာတော် ဘဒ္ဒန္တ ဇ၀န ဗဟုဇနဟိတဓရ အရှင်သူမြတ်၏

သက်တော် (၄၈) နှစ်ပြည့် ဝိဇာတမင်္ဂလာ အခမ်းအနားကို

မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ ကျင်းပပူဇော်မည်ဖြစ်ပါ၍

ကြွရောက်တရားနာ ကုသိုလ်ယူနိုင်ပါရန်ဖိတ်ကြားအပ်ပါသည်။

+++ အခမ်းအနားအစီအစဉ်များ +++

နေ့ရက်- ၁၃၇၃-ခု၊ တပိုတွဲလပြည့်နေ့၊ (၇-၂-၂၀၁၂) အင်္ဂါနေ့ ၊

နံနက် ၅ နာရီခွဲအချိန်တွင် သံဃာ အပါး(၁၀၀၀) တို့အား နတ်သုဒ္ဒါဆွမ်းနှင့်စာရေးတံမဲများ

လှူဒါန်းမည်ဖြစ်ပါသည်။

နံနက်ခင်း ၉ နာရီအချိန်တွင် အကယ်ဒမီဒေါ်ချိုပြုံးနှင့် တေးဂီတရှင်များမှ ဆရာတော်အား

ပူဇော်မည်ဖြစ်ပါသည်။

ည (၈း၃၀) နာရီ အချိန်တွင် ဆရာတော်အား တပည့်သာဝကများမှ စုပေါင်းလှူဒါန်းသော

မော်တော်ကားရေစက်ချပွဲ ဓမ္မသဘင်ဖြစ်ပါသည်။

နေရာ - သဒ္ဓမ္မပါလကျောင်းတိုက်၊ လပြည့်ဝန်းလမ်း၊ သီတဂူဗုဒ္ဓတက္ကသိုလ်တောင်ဘက်၊

စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့ ။

အကုသိုလ် ဒေါသစိတ်ဖြင့် သူတစ်ပါး၏ မကောင်းကွက်ကိုကြည့်လျှင် အကုသိုလ်လည်း ဖြစ်သည်။ စိတ်လည်းဆင်းရဲသည် ။ အပါယ်သို့လည်းသွားသည်။ ကုသိုလ်စိတ်ဖြင့် သူတစ်ပါး၏ ကောင်းကွက်ကိုကြည့်လျှင် ကုသိုလ်လည်းရသည်။ စိတ်လည်းချမ်းသာသည်။ နိဗ္ဗာန်နှင့်လည်း နီးသည်။

မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့နှင့်သာဝကများ

0 comments:

Post a Comment