၁၃၇၃ ခု သီတင်းကျွတ်လပြည့်ကျော် (၄) ရက် စနေနေ့
အလှူရှင် "အလွမ်းမြို့လေး"မွေးနေ့အလှူပွဲဖြစ်ပါတယ်။
အရုဏ်ကြက်သားကြာဇံချက်ဆွမ်းကပ်လှူခဲ့ပြီး
နေ့ဆွမ်းလောင်းလှူခြင်းအတွက်
ဆွမ်း
ကြက်သားဟင်း
ကုလားပဲနှပ်
သရက်ချဉ်သုတ်
ပါလချောင်ကြော် စသည်ဟင်းလျာတို့ဖြင့်လောင်းလှူပေးခဲ့ပါသည်။
ဦးကောဝိဒမှ အလှူရှင်"အလွမ်းမြို့" အတွက်မွေးနေ့လက်ဆောင်အဖြစ် ကိုရင်ငယ်တစ်ပါးအား သင်္ကန်းနှင့်အသုံးဆောင်ပစ္စည်းများပါသော
ပန်းခြင်းတစ်ခြင်းလှူဒါန်းပေးခဲ့ပါသည်။
အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ
0 comments:
Post a Comment