Thursday, September 22, 2011

မြရတနာ တွင် စက်ရေတွင်း၊ရေကန်၊အင်ဂျင်များ အလှူ










မြရတနာတွင် လိုအပ်နေသောရေတွင်းအတွက် ထိုအချိန်က စင်္ကာပူနိုင်ငံတွင် နေထိုင်သော “ကိုကြီး”မှ လှူဒါန်း ပေးခဲ့ပါသည်။ ရေတွင်းသာမက ရေထည့်ရန် ရေကန်၊အင်ဂျင်၊လေမှုတ်စက်များကိုပါ တပါးတည်းလှူဒါန်းပေးခဲ့ ပါသည်။ ကိုထက် (မန္တလေးမိုဘိုင်း)မှလည်း တစ်ရပ်ကွက်လုံး တရားနာယူနိုင်ရန် အသံချဲ့စက်၊ဟွန်း၊ တရားခွေများ လှူဒါန်းပေးခဲ့ပါသည်။ ၁၂.၁၂.၂၀၀၉ ရက်နေ့တွင် ရေစက်ချပွဲကျင်းပခဲ့ပြီး။ ၁၃.၁၂.၂၀၀၉ ရက်နေ့နေ့ခင်းပိုင်းတွင် စာပေဟောပြောပွဲ၊ကျန်းမာရေးဟောပြောပွဲများ ကျင်းပခဲ့ကြပါသည်။ ထိုနေ့ညပိုင်းတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ အရှင်ဉာဏ၀ရ အရှင်သူမြတ်မှ တရားရေအေးအမြိုက်ဆေး တိုက်ကျွေး ချီးမြင့်ခဲ့ပါသည်။


ရေစက်ချပွဲ အစီစဉ်များကို ဆက်လက်ဖော်ပြပေးသွားပါမည်..................။

0 comments:

Post a Comment